ခေါင်း နှစ် လုံး ရှိသော မြွေများ
ဖူးစာရှင်လေး တွင် အလင်းရောင်ရေးသားထားပါသည်။
ထပ်မံဖြည့်စွက်ခြင်း 
ထူးထူးခြားခြား   ခေါင်းနှစ်လုံးပါဝင်သော တိရိစ္ဆာန်များကို  မြင်တွေ့ရသောအခါ  မည်သည့်ခေါင်းက  လွမ်းမိုး ဦးဆောင်သည့်ခေါင်း ဖြစ်သည်မှာ  စဉ်စားရ  ကြပ်ဖွယ် ဖြစ်ရပ်ပင်။  သဘာဝအရ ရှားရှားပါးပါး ပေါက်ဖွားလာသည့်   ခေါင်းနှစ်လုံး ပါဝင်သော  မြွေအမျိုးမျိုးကို ကမ္ဘာအရပ်ရပ်ရှိ တိရိစ္ဆာန်   ဥယျာဉ်များတွင် လည်းကောင်း  ကိုယ်ပိုင် စုဆောင်သူများထံတွင် 
 
မြင်တွေ့ရလေ့ရှိသည်။ မြွေတို့တွင် ခေါင်းနှစ်လုံး ပါဝင်သော်လည်း ခန္ဒာကိုယ်မှာ တစ်ခုတည်း ဖြစ်သောကြောင့် အစာစားသည့်အခါ ပြဿနာ မဟုတ်ချေ။ သို့သော် သွားလာလှုပ်ရှားသည့် အခါတွင် ခေါင်းနှစ်လုံးစလုံးက မိမိတို့ အားသန်ရာဘက်ကို ဦးတည် သွားလာကြရာ မည်သည့် လမ်းကြောင်းသည် ကိုယ်ခန္ဒာအတွက် အသင့်တော်ဆုံး ဖြစ်သည်ကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်နိုင်ခြင်း မရှိသောကြောင့် ထူးခြားသော သွားလာ လှုပ်ရှားပုံများကို မြင်တွေ့ကြရသည်။
No comments:
Post a Comment